Wednesday, November 26, 2014
sheinminzaw ရေးသားခြင်း
ဒီဘလော့လေးကို ကျွန်တော်စမ်းရုံသက်သက်လေးပါ ရည်ရွယ်ချက်တစ်စုံတစ်ရာမရှိခဲ့သော်လည်း ဤဘလော့လေးမှာ ကျွန်တော့် ရဲ့ ဘလော့နှင့်ပတ်သတ်သော အတွေ့အကြုံများကိုတင်ပြပေးပါမည် အင်တာနက်နှင့်ဝေးလွန်နေသော ကျွန်တော်တို့၏ ဒေသတွင် သာမန်လူတန်းစားများအတွက် ဖုန်းဟူသည် ကိုမမျှော်လင့်ရဲလောက်အောင်ပင် ရှိကြသည် ။ ယခု ၁၅၀၀ တန်ဖုန်းတစ်လုံးသည် တန်ဖိုးအနည်းငယ်မျှသာရှိသည် သို့သော်လည်း ယခုကျွန်တော်တို့ဒေသ ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့နယ်ခွဲအတွင်း ၁၅၀၀တန်ဖုန်းနှင့်ပတ်သတ်၍ တိုင်ဟူသည်မှာမမျှော်လင့်လောက်အောင်ပင်ရှားပါးလှပါသည် လက်ရှိကျွန်တော်တို့ဒေသအတွင်းလိုင်းမိသောဖုန်းများမှာလည်း CDMA 450 MH များသာဖြစ်သဖြင့် ပြေလည်ချောင်ချဲ့သောမိသားစုများသာလျှင်အသုံးပြုနိုင်ကြသည်။ ကျွန်တောာ်တို့ဒေသတွင် အင်တာနက်နှင့်သတ်၍အသုံးပြုနိုင်သောသူ အနည်းငယ်မျှသာရှိသည်။တနယ်တကျေးရောက်မှသာဖုန်းဟူသည်ကိုအသုံးပြုနိုင်ကြသည် မြို့ပေါ်လူတန်းစားများအတွက်ဖုန်း computer ဟူသည်မှာ အသက်ကိုးနှစ်အရွယ်မှာ စတင်အသုံးပြုတတ်နေကြပြီ ထို့ကြောင့်ဝေးလံခေါင်သီသောဒေသများအတွက်နည်းပညာများကို ဖြန့်ဝေပေးကြစေချင်သည်။ မှတ်ချက် ---ကျွန်တော်အသက် ၂၂မှစ၍ Computer နှင့် phone တို့ကိုမြင်ဖူးခဲ့ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment